Wednesday, August 15, 2012

Auto Run နဲ့ပတ်သက်လို့

AutoRun နဲ့ပတ်သက်လို့ပိုးကောင်လေး လည်းသိသလောက်ဒီနေရာလေမှာ နည်းနည်းလေးပြောပြလိုက်ပါတယ်ခင်ဗျာ။ မှားတာရှိရင်တော့တောင်းပန်ပါတယ်ဗျာ။

CD drive မှာ CD တစ်ချပ်ကို ထည့်လိုက်တာနဲ့autorun တက်တယ်ဆိုတာ Windows စနစ်ရဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်သလို အဲဒီ CD ချပ်ထဲမှာ ဖိုင်တစ်ဖိုင်အဖြစ် ရေးထည့် ထားလို့ပါ။ ၎င်းသည် autorun.inf ဖြစ်ပြီး ၎င်းဖိုင်ကတစ်ဆင့် install လုပ်မယ် စသည် လုပ်ငန်းလုပ်ဆောင်မယ့် Software ကို ဆက်သွယ် ဖွင့်ပေးလိုက်တာပါ။ အချို့ CD ချပ်များမှာ ၎င်း autorun လုပ်ဆောင်ချက် မပါတာမျိုးနဲ့ တစ်ခါတစ်ရံ ပါပေမယ့် autorun မတတ်တာမျိုးဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် CD\DVD drive (icon) ကို double click နှိပ်ပြီး ဖွင့်ကြည့်ပါ။

Windows စနစ်လုပ်ဆောင်ချက်ကိုပြန်ကြည့်ပြီးတော့ ဘယ် drive ကို autorun မလုပ်နိုင်အောင် ပိတ်ထားတယ်ဆိုတာကိုကြည့်နိုင်ပါတယ်။ ၎င်းအတွက် Start > Run ကိုဖွင့်ပြီး regeditလို့ ရိုက်ထည့်ပါ။ HKEY_CURRENT_USER\Software\Microsoft\Windows\
CurrentVersion\Policies\Explorer သို့ရောက်အောင် ဖွင့်ပါ။ Explorer ကို click လုပ်ပြီးပေါ်လာသော တစ်ဖက်မြင်းကွင်းမှာ “NoDrive AutoRun” လို့တွေ့ရပါမယ်။ ၎င်းတွင် မည်သည့် drive က autorun ကိုမသုံးဘူးလည်းဆိုတာ Vale data မှာပြပါတယ်။ ဥပမာ Bit 0 သည် Drive A ကို Bit 1 သည် drive B, Bit 2 သည် drive C စသည်ဖြင့် ညွှန်းပါတယ်။

နောက်တစ်ခါ registry editor ကိုပဲပြန်စစ်ကြည့်တဲ့အခါ Start >Run> regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE\System\CurrentControlSet\Services\Cdrom သို့ရောက်အောင်တစ်ဆင့်ချင်းဖွင့်ပါ။ Cdrom ကို click လုပ်ပြီး တစ်ဖက်မြင်ကွင်းထဲက AutoRun ရဲ့ REG_DWORD value ကိုစစ်ကြည့်ပါ။ ၎င်းတွင် Value data:1 ဖြစ်နေရင် AutoRun သည် Enabled ဖြစ်ပြီး 0 ဖြစ်နေရင်း Disabled လို့မှတ်ယူနိုင်ပါတယ်။

No comments:

Post a Comment