Saturday, August 11, 2012

What is IP?


omputer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ဘာသာစကားတွေ အမျိုးမျိုးရှိသလို Protocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့ computer တိုင်းဟာတော့ TCP/IP ဆိုတဲ့ protocolကိုမဖြစ်မနေသုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computerတိုင်းဟာလည်း IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IPaddress မှာ Version 4 နဲ့ Version6 ဆိုပြီး နှစ်မျိုးရှိပါတယ်။ V4 က 32bits နဲ့ အလုပ်လုပ်ပြီး V6 ကတော့ 128bits နဲ့ အလုပ်လုပ်ပါတယ်။လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ Class (၅) ခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။
Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
Class D က Multicast address( multicast ဆိုတာ က သက်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါဥပမာ -Class D address group1 မှာ computer 5 လုံး၊group2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် group1 ထဲက computer အချင်းချင်း၊ group၂ ထဲက computer အချင်းချင်း၊ ဘဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group၂ က computer ချိတ်လို့မရနိုင်ပါဘူး)
Class E ကတော့ သုတေသနပြုလုပ်နိုင်ဖို့ reserved ထားပါတယ်၊ အသုံးမပြုပါဘူးခင်ဗျာ

IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်းပါပါတယ်။
Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ်ခုဖြစ်ပြီး၊
Host Address ဆိုတာကတော့ Network ထဲမှာပါဝင်တဲ့ အစိပ်အပိုင်းတစ်ခုပါ။
ှုIP V4 မှာ 32 bits ပါတယ်ဆိုတာပြောပြီးပါပြီ။
အဒီ 32 bits ကို 8bits စီ၊ 8bits စီ အပိုင်း လေးပိုင်း ခွဲပြီး အလုပ်လုပ်ပါတယ်။
တကယ်တမ်း bits တွေနဲ့ အလုပ်လုပ်တာ ဖြစ်ပေမယ့် သက်မှတ်တဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimal စနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1.100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ်
8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။

Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
D 224 to 239
E 240 to 254

ကျွန်တော်အပေါ်က IP address range ထဲမှာ 127 ဆိုတာကို ချန်ထားခဲ့ပါတယ်...
အဲဒါကို loop-back address လို့ခေါ်ပါတယ်။
အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
ူlocal machine address ဆိုတာ computer နဲ့ သက်ဆိုင်တဲ့ လည်းကောင်းတို့ကို ကိုစားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ - လူတိုင်းကိုစီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊ ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော် စတဲ့ နာမ်စားတစ်ခုနဲ့ ကိုစားပြုကြပါတယ်။
TCP/IP protocol သုံးပြီး Network ချိတ်တဲ့ computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့် ကိုယ့် computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင်မလုပ်နိုင်၊ NIC card အလုပ်လုပ်မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။

Class A, B, C တို့ရဲ့ အဓိကကွာတာကတော့ Network တစ်ခုမှာ ဆက်သွယ်ချိတ်ဆက် နိုင်တဲ့ Host အရေအတွက်ကွာပါတယ်။
class A network တစ်ခုမှာ host အရေအတွက် ၁၆ သန်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class B network တစ်ခုမှာ host အရေအတွက် ၆ သောင်း ကျောက်ချိတ်ဆက်နိုင်ပါတယ်။
class C network တစ်ခုမှာ host အရေအတွက် ၂၅၄ လုံးဘဲချိတ်လို့ရပါတယ်။
အဲဒါကတော့ သူတို့ ရဲ့ အဓိက ကွာခြားချက်ပါ
IP address တစ်ခုချင်းပေါ်က Network address နဲ့ Host address
ClassA N.H.H.H
ClassB N.N.H.H
ClassC N.N.N.H

N= network
H= host

Class A address မှာ ပထမဆုံး အပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းသုံးပိုင်းက Host ကို ကိုစားပြုပါတယ်။
Class B address မှာ ပထမဆုံး အပိုင်း နှစ်ပိုင်း က Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းနှစ်ပိုင်းက Host ကို ကိုစားပြုပါတယ်။
Class C address မှာ ပထမဆုံး အပိုင်း သုံးပိုင်းက Network ကို ကိုစားပြုပြီး ကျန်တဲ့ အပိုင်းတစ် ပိုင်းက Host ကို ကိုစားပြုပါတယ်။


No comments:

Post a Comment