Saturday, August 11, 2012

Laptop အကြောင်းသိကောင်းစရာများ

Laptop အကြောင်းသိကောင်းစရာစာစောင်
မရှိဘူးခင်ဗျ။ ကွန်ပြူတာစာအုပ်တွေထဲမှာတော့ နည်းနည်းလေးတွေပါ ပါတယ်။ အခုတော့စာအုပ်တော့မဟုတ်ဘူး။ Laptop အကြောင်းသိကောင်းစရာနည်းနည်းပါးပါးကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။

Buying NoteBook Computer


ဒီကနေ့အချိန်အခါမှာဆိုရင် Notebook Computer သို့မဟုတ် Laptop computer သို့မဟုတ် Portable Computer တွေဟာ တန်ဖိုးအနေနဲ့ကြည့်မယ်ဆိုရင် desktop computer ဈေးနှုန်းလောက်ကိုကျဆင်းပြီး company တွေက အပြိုင်အဆိုင် ထုတ်လုပ်၊သွင်းယူနေတာကို တွေ့ရပါလိမ့်မယ်။ Company လို့ဆိုတဲ့နေရာမှာ ဒီ portable computer တွေကိုထုတ်လုပ်တဲ့ company, manufacture တွေ အပါအ၀င်၊ နိုင်ငံတိုင်းမှာ ရှိတဲ့တစ်ဆင့် ပြန်ရောင်းချတဲ့ company တွေအားလုံးကို ဆိုလိုပါတယ်။ Portable computer အသစ်ထုတ်ကုန်တွေကလည်း user တွေအကြိုက်၊ user တွေ အသုံးတည့်မယ့် ကိရိယာ တန်ဆာပလာတွေကို စုံနိုင်သမျှ စုံအောင်ထည့်သွင်းထုတ်လုပ်နေကြပါတယ်။ တချို့ company တွေကလည်း သူတို့ရဲ့ brand တွေဖြစ်အောင် အသိအမှတ်ပြုလောက်အောင် de facto စံနှုန်းတွေကို ချိုးဖျက်ပြီး သူတို့ရဲ့ကိုယ်ပိုင်စံနှုန်း proprietary တွေသတ်မှတ်ပြီး ထုတ်လုပ်တာတွေလည်း ရှိကြပါတယ်။ ဒါဆိုရင် A company ကထုတ်လုပ်တဲ့ ပစ္စည်းတွေ ထပ်ထည့်ချင်တယ်၊ upgrade လုပ်ချင်တယ်ဆိုရင် အဲဒီ A Company ကထုတ်လုပ်တဲ့ Hardware တွေ interface တွေနဲ့ပဲ တွဲဖက်သုံးရတယ်လို့ဆိုပါတယ်။

Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန်မြင့်မားမှုပါပဲ။ အပူချိန်မြင့်မားလာရင် ဘယ် electronis device တွေမှ ခံနိုင်မှု မရှိပါဘူး။ တချို့သော laptop တွေဟာ အထူနဲ့ထုတ်လုပ်ပြီး တချို့ laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။

De facto standard တွေကတော့ ဘယ် company, manufacture တွေကပဲ ထုတ်လုပ်သည်ဖြစ်စေ hardware device တွေရဲ့ interface တွေဟာ standard လုပ်ထားပြီးသားဖြစ်တဲ့ အတွက် အားလုံးအလဲအလှယ်လုပ်ပြီး တပ်ဆင်လို့ရပါတယ်။ ဒါဟာလဲ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Upgrade လုပ်သည်ဖြစ်စေ၊ ပျက်သွားလို့ လဲလှယ်ပြီး ထည့်တဲ့နေရာတွေမှာ အသုံးတည့် အသုံးဝင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Notebook လို့ဆိုတာနဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ display units and backup battery စနစ်တွေကို စတင်ရွေးချယ်ကြတာကို တွေ့ရပါတယ်။ ဒီစနစ် နှစ်ခုဟာ အားလုံးထက်ကို အရေးကြီးတဲ့အပိုင်းအဖြစ်သတ်မှတ်ကြပါတယ်။
အကြမ်းဖျင်းအားဖြင့် display screen တွေဟာ 12 inch ကနေပြီး 17 inch screen လောက်ထိ ရှိကြတာတွေ့ရပါမယ်။ Desktop Replacement screen တွေဆိုရင် 19inch/ 20 inch လောက်ထိ ရှိကြပါတယ်။ ဒီ screen တွေထဲမှာ 17inch နဲ့ 17inch တွေထက်ကျော်ရင် wide screen တွေအဖြစ် ထုတ်လုပ်ကြတာကိုတွေ့ရပါမယ်။ Manufacture တွေကတော့ display screen ratio တွေကို 4:3 (aspect ratio) အဖြစ် အကြမ်းဖျင်း ထုတ်ကြပါတယ်။ ဒါကလည်း screen resolution တွေအပေါ်မှာ မူတည်မှုရှိတာ တွေ့ရပါလိမ့်မည်။ Wide screen ratio တွေမှာ 10:6, 16:9, 16:9.5, 16.10 ဆိုပြီး အသီးသီး ရှိကြပါတယ်။ 10:9 ကတော့ Wide Screen ရဲ့ Standard ratio ဖြစ်ပါတယ်။ နောက်တစ်ချက်က Screen resolution တွေအပေါ်မှာ မူတည်ပြီး screen အမျိုးမျိုးသတ်မှတ်ကြပါတယ်။ XGA, WXGA, WSXGA ဆိုပြီး resolution တွေအပေါ်မူတည်ပြီး ခေါ်ဝေါ် သုံးစွဲကြပါတယ်။

Laptop Screen တွေမှာ အမျိုးအစား (type) နှစ်မျိုးနဲ့ manufacture များမှ ထုတ်လုပ်တာကို တွေ့ရပါမယ်။ Matte နဲ့ high gloss အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Matte တွေကို industry standard အဖြစ်နဲ့ နှစ်ပေါင်းများစွာက ထုတ်လုပ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီစနစ်တွေဟာ များစွာသော အရောင်စုံလင်မှုနဲ့အလင်းရောင် ရိုက်ခတ်လှုပ်ရှားမှုတွေကို (အလင်းပြန်မှု)၊ တုံ့ပြန်မှုများတာကို တွေ့ရပါမယ်။ ကောင်းမွန်တဲ့ laptop screen တွေဟာ မြင်ကွင်းကျယ် ကောင်းမွန်ခြင်းနဲ့လုံလောက် ကောင်းမွန်တဲ့ အလင်းရိုက်ခတ်မှု တုံ့ပြန်မှုကို ရရှိပါလိမ့်မယ်။ ဒါကြောင့် matte screen ရဲ့အဓိက မကောင်းတဲ့အချက်ကတော့ အလင်းရောင်များတဲ့နေရာ၊ နေ့အလင်းရောင် (day light) တွေမှာ အသုံးပြုသူအတွက် အလင်းရိုက်ခတ်မှုနှုန်း များတာကြောင့် အလင်းပြုပြီး အဆင်ပြေမှုနည်းတာကို တွေ့ရပါလိမ့်မယ်။

High-gloss screen တွေကိုတော့ manufacture တွေမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်းလောက်တွေမှာ ထုတ်လုပ်တာကို တွေ့ရပါလိမ့်မယ်။ High gloss တွေဟာ ကောင်းမွန်ပြတ်သားတဲ့ contrast, အရောင်ကြွယ်ဝမှု (richer color) နဲ့ မြင်းကွင်းကျယ် (wider view) အတွက် ပိုမိုကောင်းမွန် သင့်လျော်တာတွေကို matte screen တွေနဲ့နှိုင်းယှဉ် ကြည့်နိုင်ပါလိမ့်မယ်။ High gloss တွေအတွက် ထုတ်လုပ်တဲ့ manufacture တွေဟာ ကွဲပြားခြားနားတဲ့ နာမည်တွေ ပေးထားတာကို တွေ့ရပါလိမ့်မယ်။ Dell ကနေ ထုတ်တဲ့အခါမှာ TrueLife, Acer ကနေ ထုတ်တဲ့အခါ Crystal Bride နဲ့ HP ကထုတ်တဲ့ screen ဆိုရင် BrightView ဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ High bloss တွေဟာ အလင်းတုံ့ပြန်မှု (အလင်းပြန်မှု) နည်းတယ်။ အနီးအနား အရာဝတ္ထုတွေရဲ့ အလင်းပြန်မှုတွေကို သုံးစွဲတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် နေအလင်းရောင်နဲ့ အပြင်ဘက်တွေမှာ (အလင်းရောင် တောက်ပနေသောအချိန်) အသုံးပြုရင် matte screen တွေထက် မြင်းကွင်းကို ကြည်လင်တဲ့အရောင်တွေကို ပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ ဒါဟာ display unit နဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းတွေပဲဖြစ်ပါတယ်။

Notebooks တွေမှာ အခြားသော feature တွေသုံးနိုင်အောင် ထည့်ပေးထားတာတွေကိုလည်း သိရပါမယ်။ အရင်တုန်းက notebook တွေမှာ add on device တွေကို ထပ်မံ ထည့်သွင်းအသုံးပြုမယ် ဆိုရင် အသုံးပြုလို့ရအောင် PC card ကိုခေါ်တဲ့ PCMCIA slot တွေပါတာကိုတွေ့ရပါမယ်။ PCMCIA (Personal Computer Memory Card International Association) ကနေ ယနေ့ notebook တွေမှာလည်း ဒီ slot တွေအနည်းဆုံးတစ်ခုလောက်တော့ပါရပါမယ်။

ကိုဇေရေ အခုတော့ ပိုးကောင်လေးဆီမှာရှိတဲ့ စာအုပ်လေးထဲကနေ တွေ့သလောက်နည်းနည်းလေး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ နောက်တော့မှပဲကျန်တာကိုပြောပြတော့မယ်။ ရှာလို့ရသလောက် ရှာပြီးတော့ အတတ်နိုင်ဆုံးလုပ်ပေးပါမယ်။ အခုတော့ ပိုးကောင်လေး လက် (car accident)ကြောင့်ကျိုးနေလို့ စာရိုက်တာအဆင်မပြေသေးလို့ လုပ်နိုင်သလောက်ကို တင်ပေးလိုက်ပါ တယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။ အားလုံးအဆင်ပြေနိုင်ပါစေ။
====================
 Laptop အကြောက်ဆုံးအရာ
Laptop တွေအတွက် အကြောက်ဆုံးအရာကတော့ အပူချိန်မြင့်မားမှုပါပဲ။ အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။ တချို့သော laptop တွေဟာ အထူနှင့်ထုတ်လုပ်ပြီး တချို့တွေကတော့ ပါးလွှာအောင်ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံးလုပ်ထားပြီးသားဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ်ထားပြီးဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုတွေဟာ သတိထားကြပါမယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့လုပ်ခြင်း ဖြစ်ပါတယ်။

- Laptop တွေကိုမျက်နှာပြင်ညီညာတဲ့နေရာမှာအသုံးပြုပါ။ မျက်နှာပြင်မညီညာတဲ့နေရာတွေမှာ အသုံးပြုပါက အောက်ဘက်မှာရှိတဲ့ လေ၀င်လေထွက်တွေပိတ်ပြီး အပူချိန်တတ်ပါလိမ့်မယ်။

- Laptop ၀ယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကိုဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေ၀င်၊ လေထွက်တွေကို ပိတ်ထားသလို ဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံတွေကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ်လာလေပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန်တတ်ပြီး fan တွေ ပိုအလုပ် လုပ်လို့ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက်တွေကို ၆လ တစ်ခါ၊ ၁နှစ် ၁ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး laptop ကို အပူချိန် တတ်လာပါလိမ့်မယ်။

- အရေးအကြီးအချက်ဖြစ်တဲ့ laptop ၀ယ်တဲ့အခါ laptop မှာတပ်မယ့် သို့မဟုတ် ထည့်သွင်းထား မယ့် အိတ်ကို ၀ယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန်ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectronicStatic Discharge), EMI (Electromagnetic Interference) သို့မဟုတ် RFI (Radio Frequency Interference) စတဲ့ ဘေးပြင်ပနှောက်ယှက်မှုတွေကိုပါ ၀န်ဆောင်မှုတွေပေးပါတယ်။ မိမိ ၀ယ်လိုက်တဲ့ laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ laptop ကိုဝယ်တာ အကောင်းဆုံးဖြစ်ပါတယ်။

ပိုးကောင်လေးဖတ်ဘူးတဲ့စာအုပ်ထဲကရှိသမျှအားလုံးကိုတင်ပေးပါ့မယ်ခင်ဗျာ။ ပိုးကောင်လေး လက်အမြန်ဆုံးကောင်းလာအောင်ဆုတောင်းပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
==============
 Notebook Shopping Tips (Notebook ၀ယ်ယူဖို့လမ်းညွှန်ချက်များ)
အောက်ပါအချက်အလက်တွေကတော့ သာမန်အသုံးပြုသူတစ်ဦးအတွက် အဆင်ပြေနိုင်မယ့် Notebook ၀ယ်ယူဖို့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။

A 1.73GHz Core Duo processor!
စာစီစာရိုက်လုပ်တာ၊ Spreadsheet အသုံးပြုတာ၊ E-mail ပေးပို့တာစတဲ့ နေ့စဉ်လုပ်ဆောင် ချက်တွေအတွက် နောက်ဆုံးပေါ် အမျိုးအစား Processor တွေမလိုအပ်ပေမယ့် Core Duo Processor သုံးမယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းမွန်တဲ့အပြင် battery သက်တမ်းကလည်း ပိုမိုကြာရှည်လာနိုင်မှာ ဖြစ်ပါတယ်။

1GB or more of memory
Memory ပမဏ ဒီထက်နည်းမယ်ဆိုရင်တော့ လုပ်ဆောင်ချက်တွေ နှေးကွေးသွားနိုင်ပါတယ်။

Supplemental battery
လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ အသုံးပြုလိုတယ်ဆိုရင်တော့ notebook ၀ယ်ယူစဉ်ကတည်းက battery အပိုတစ်ခု တစ်ပါတည်းဝယ်ယူတာ၊ ဒါမှမဟုတ် battery အပို ထည့်သွင်းဖို့အတွက် modular bay ပါရှိတဲ့ အမျိုးအစားကိုရွေးချယ်တာတွေလုပ်သင့်ပါတယ်။

A 14.1 inch wide screen
12.1 inch ထက်ကြီးတဲ့ screen တွေဟာ မျက်စိအားစိုက် လုပ်ဆောင်ရမှုကို သက်သာစေနိုင်မှာ ဖြစ်ပြီး ငွေကြေးချွေတာဖို့အတွက်၊ ဒါမှမဟုတ် အရွယ်အစားသေးငယ်တဲ့ notebook ကိုပဲဝယ်ယူဖို့ ရွေးချယ်ထားတာ မဟုတ်ဘူးဆိုရင်တော့ screen အရွယ်အစားကြီးလေ ပိုကောင်းလေ လို့ဆိုရမှာ ဖြစ်ပါတယ်။

An 80GB Hard Drive
Gigabyte လောက်ဆံ့တဲ့ သီချင်းတွေထည့်သွင်းတာ၊ database သုံးတာ၊ ဒါမှမဟုတ် Office suite တစ်ခုထက်ပိုပြီး install လုပ်ထားတာတွေ မဟုတ်ဘူးဆိုရင်တော့ 80GB ကတော့ အတော်အသင့် ကြီးမားတယ် လို့ဆိုရမှာဖြစ်ပါတယ်။

Touchpad Pointing Device
Pointing Device တွေမှာတော့ အသုံးပြုသူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်းမတူညီကြပါဘူး။ ဒါပေမဲ့ အတော်များများကတော့ touchpad ကို pointing sick ထက်ပိုမိုသဘောကျကြတာကိုတွေ့ရပါတယ်။ Touchpad သုံးရမလား၊ eraserhead pointing device သုံးရမလား ဝေခွဲမရသူတွေကတော့နှစ်မျိုးစလုံးပါ ရှိတဲ့ notebook တွေကို ရွေးချယ်သင့်ပါတယ်။ ဒီကွန်ပြူတာတွေမှာ touchpad နဲ့ eraserhead တို့အတွက်သီးခြား mouse button တွေပါရှိလာဖို့ကိုလည်း စစ်ဆေးဝယ်ယူကြရပါမယ်။

Multiple USB Ports
အခုနောက်ပိုင်း notebook အတော်များများမှာ USB 2.0 Port အနည်းဆုံးနှစ်ခု ပါလာကြတာကြောင့် အပိုပစ္စည်းကိရိယာတွေနဲ့ချိတ်ဆက်ဖို့ လိုအပ်တဲ့အခါ အသုံးတည့်နိုင်မှာ ဖြစ်ပါတယ်။

All-in-one Design
တကယ်လို့ အပေါစား notebook တွေကိုပဲ ရွေးချယ်လိုတာမဟုတ်ဘူးဆိုရင်တော့ Optical drive အတွက် interbal bay ထည့်ပေးထားတဲ့ အမျိုးအစားတွေကို ၀ယ်ယူသင့်ပါတယ်။ ဒီလိုရွေးချယ်လိုက်တာဟာ လိုအပ်ရင် hard drive အပို၊ ဒါမှမဟုတ် battery အပိုကို အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။

Notebook Skin
Notebook တွေအတော်များများဟာ အရောင်အသွေးဆင်တူပြီး ဒီဇိုင်းလည်း သိပ်မကွာပါဘူး။ ကိုယ့်ရဲ့ Notebook လေးကို အပွန်းအပဲ့ဒဏ်ခံနိုင်ပြီး လှပတဲ့ဒီဇိုင်းပုံစံလေးတွေနဲ့တန်ဆာဆင်လိုတယ် ဆိုရင် Notebook skin လေးတွေဝယ်ကပ်ထားနိုင်ပါတယ်။ ဒီ skin လေးတွေဟာ အရောင်စုံ၊ ဒီဇိုင်းစုံရှိပြီး စင်္ကာပူနိုင်ငံကနေ တင်သွင်းရောင်းချမှုများပါတယ်။ အရည်အသွေးပြည့်မီတဲ့ကော် (Sticker) ကိုအသုံးပြုထားတဲ့အတွက် ပြန်ခွာလိုတယ်ဆိုရင်လည်း Notebook မျက်နှာပြင်မှာ ကော်သားတွေ ပေကျံနေခဲ့တာမျိုး မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

ဟုတ်ကဲ့။ နောက်ထပ်ကျန်ရှိနေတဲ့ Laptop နဲ့သက်ဆိုင်တဲ့ ဗဟုသုတများကို ရှာဖွေပြီးတော့ တင်ပေးပါမယ်ခင်ဗျာ။

No comments:

Post a Comment