Monday, August 13, 2012

Blue Screen Of Death ပေါ်ချင်ရင်

ကျနော် BSOD ဆိုတဲ့ Blue Screen Of Death မပေါ်အောင် လုပ်တဲ့နည်း ပြောပြခဲ့ပြီးပါပြီ ။ အခု ပေါ်အောင်လုပ်တဲ့နည်း ပြောပြချင်လို့ ပါ။ တစ်ခါမှ မမြင်ဘူးသေး ပါဘူး၊ ဘာလဲတော့ သိချင်ပါတယ် ဆိုရင်စမ်းကြည့်ပေါ့။ ကျနော်ကတော့ BSOD ဘာလဲသိရင် ပေါ်အောင် ဘယ်လိုလုပ်မလဲ ၊ မပေါ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ သိချင်ပါတယ်။ အဲဒီအတွက် ပြောပြတာပါ။ ခု ကြည့်လိုက်ရအောင်။

Start ကနေပြီး Run ကို နိုပ်ပါတယ်။ Run မှာ regedit လို့ ရိုက်ထည့်လိုက်ပါတယ် ။ အောက်ပါ Dtree အတိုင်း click သွားပါ ။

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\i8042prt\Parameters

Parameters ဆိုတဲ့ folder လေးကို နိုပ်ပြီးရင် အောက်ပါအတိုင်း ပေါ်လာပါမယ်။




ညာဘက်က နေရာလွတ်လေးမှာ R-Click လုပ်ပြီး “New”->”DWORD Value” နိုပ်ပါတယ် ။ name ကို CrashOnCtrlScroll လို့ပေးလိုက်ပါတယ်။ CrashOnCtrlScroll ကို D-Click နိုပ်လိုက်ပြီး Value data မှာ 1 ဖြည့်လိုက်ပါတယ် ။



ပြီးရင် Restart လုပ်လိုက်ပါ။ boot ပြန်တက်လာရင် Ctrl ကီးလေးကို ဖိထားပြီး Scroll Lock ကီးကို နှစ်ခါ ဆက်တိုက် နိုပ်ပေးလိုက်ပါ။ BSOD ပေါ်လာပါလိမ့်မယ် ။

BSOD အကြောင်း ဒီထက်ပို သိချင်ရင်တော့ Microsoft ကိုပဲသွားကြည့်လိုက်ပါ။

No comments:

Post a Comment