Monday, August 13, 2012

Bat file ဖြင့်  defragment လုပ်ခြင်း

ကျွန်တော်တို့တွေ Defragment ကိုဘာလို့သုံးရလဲဆိုတာ သူငယ်ချင်းတို့တွေ သိတဲ့လူတွေလည်းသိမှာပေါ့။ ခုဟာက မသိတဲ့လူတွေ အတွက်ပြောပြပေးမှာပါ။သိပြီးသားဆိုလည်း သည်းခံပြီး ဖတ်ပေးပေါ့။ Defragment ကို computer ထဲက file တွေကို ပြန်စီဖို့အတွက် သုံးပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဖိုင်တွေကို ထည့်တယ် မကြိုက်ရင်ဖျက်တယ် အဲ့ဒီဖျက်လိုက်တဲ့နေရာမှာ နေရာလွတ်တွေဖြစ်သွားတယ်။ အဲ့ဒီဖြစ်သွားတဲ့နေရာတွေကို အစီစဉ်တကျဖြစ်နေဖို့ လွတ်နေတဲ့နေရာတွေမရှိစေ ဖို့အတွက် Defragment ကို အသုံးပြုရပါတယ်။ ပုံမှန် သွားရိုးသွားစဉ် အတိုင်းလေးသွားရင် start => all program => accessories => system tool ပြီးမှ defragment ဆိုတာရောက်မှာပါ။  ကဲ အဲလို မျိုး အဆင့်ကလေးတွေနဲ့မသွားပဲနဲ့ double click ကလေးပေးလိုက်ရုံနဲ့ defragment လုပ်ကြရအောင် သူငယ်ချင်းတို့ရေ။
အရင်ဆုံး အောက်က ကုဒ် ကလေးတွေကို notepad ထဲမှာ ကူးထည့်လိုက် .. ပြီးရင် Dfrag.bat လို့ နာမည်လေး ပေးပြီး save လုပ်လိုက်ပါ။ ပြီးရင် ပြန်ထွက်ပြီး save လုပ်ထားတဲ့ဖိုင်လေးကို ဖွင့်လိုက်ရင် သူ့ဘာသာသူ Dfrag လေးလုပ်ပေးနေလိမ့်မယ်ဗျာ .. မပင်ပန်းတော့ဘူးပေါ့ .. :)
@echo off
echo This is disk defragment
defrag c: -f
defrag d: -f
defrag e: -f
defrag f: -f
defrag g: -f
defrag h: -f
defrag i: -f
pause
msg * Thanks for using*My Batch *
exit

သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment