Beginner:
ကွန်ပျုတာဖွင့်လိုက်တဲ့ အချိန်မှာ ဖန်သားပြင်(Screen) ပေါ်မှာ ပထမဦးဆုံး မြင်တွေ့လာရတဲ့ မြင်ကွင်း ကို ဒက်စ်တော့ပ် Desktop လို့ ခေါ်ပါတယ်
ပုံမှာ မြင်ရတဲ့ အတိုင်း ဘာဆိုဘာမှ မရှိတဲ့ မြင်ကွင်းကို ဆိုလိုပါတယ် ...
ကွန်ပျုတာဖွင့်လိုက်တဲ့ အချိန်မှာ ဖန်သားပြင်(Screen) ပေါ်မှာ ပထမဦးဆုံး မြင်တွေ့လာရတဲ့ မြင်ကွင်း ကို ဒက်စ်တော့ပ် Desktop လို့ ခေါ်ပါတယ်
ပုံမှာ မြင်ရတဲ့ အတိုင်း ဘာဆိုဘာမှ မရှိတဲ့ မြင်ကွင်းကို ဆိုလိုပါတယ် ...
![]() |
This image has been resized. Click
this bar to view the full image. The original image is sized 482x335.
|

More Details:
Desktop ဟာ ကျွန်တော်တို့ရဲ့အသုံးပြုတဲ့ ဖိုင် (Files) တွေ၊ ပရိုဂရမ် (Program)တွေနဲ့ ၊ မကြာခဏ အသုံးပြုရတဲ့ ပရိုဂရမ်တွေကို အမြန်သွားနိုင်တဲ့ ဖြတ်လမ်း (Shortcut) တွေ အစရှိတဲ့ အရာအားလုံးကို ထားရှိလို့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
ကွန်ပျုတာသုံးတဲ့ အခါမှာ ကျွန်တော်တို့ လုပ်စရာရှိတဲ့ အလုပ်တွေအားလုံးကို ဆောင်ရွက်ရတဲ့ နေရာ။ လုပ်နေတဲ့ အလုပ်တွေကို ကွန်ပျုတာက ပြန်လည် တုန့်ပြန်ဖော်ပြ လုပ်ဆောင်ပေးတာကို မြင်တွေ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီလို ပရိုဂရမ်တွေကို ကြည့်ရှု အသုံးပြုနေတဲ့ အချိန်မျိုးမှာတော့ Desktop ဟာ နောက်ကွယ်မှာ မြင်ကွင်း ကနေ ပျောက်ကွယ်နေပြီး၊ ပရိုဂရမ်တွေကို ပိတ်လိုက်ရင် ပြန်မြင်လာရမှာ ဖြစ်ပါတယ်။
ဖိုင်တွေ၊ ပရိုဂရမ်တွေကို ဖွင့်ပြီး အလုပ်လုပ်တဲ့ အခါ အားလုံးကို တစ်နေရာတည်းမှာ မြင်ရအောင် Desktop ပေါ်မှာ စုစည်းထားနိုင်ပါတယ်။
Advanced & References:
- ကျွန်တော်တို့ အိမ်တွေ ရုံးခန်းတွေမှာ ရှိနေတဲ့ အလုပ်စားပွဲတွေရဲ့ မျက်နှာပြင် ကိုလည်း Desktop လို့ပဲ ခေါ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့ မကြာခဏ အသုံးပြု နေကြ ဖိုင်တွေ၊ ပရောဂျက်တွေ၊ အဘိဓါန် (Dictionary) အစရှိတဲ့ ရည်ညွှန်းကိုးကား စာအုပ်တွေ၊ တယ်လီဖုန်း လိပ်စာတွေ၊ ဘောပင် ပေတံ ဏန်းပေါင်းစက် စတဲ့ လက်သုံး ကိရိယာ တွေနဲ့ အလှဆင်ထားတဲ့ စားပွဲခင်း၊ ပန်းအိုး၊ သီချင်းဖွင့်စက် အစရှိတာတွေ ထားနိုင်တာ လူတိုင်း သိထားပြီးသားပါ။
- အလားတူပဲ ကွန်ပျုတာရဲ့ Desktop ဆိုတဲ့ နေရာမှာလည်း ကွန်ပျုတာကို အသုံးပြုနေသူ (User) တစ်ဦးအနေနဲ့ မိမိအသုံးပြုနေတဲ့ အသုံးပြုတဲ့ ဖိုင် (Files) တွေ၊ ပရိုဂရမ် (Program)တွေနဲ့ ၊ မကြာခဏ အသုံးပြုရတဲ့ ပရိုဂရမ်တွေကို အမြန်သွားနိုင်တဲ့ ဖြတ်လမ်း (Shortcut) တွေ အစရှိတဲ့ အရာအားလုံးကို ထားရှိခြင်း၊ Desktop ကို အရောင်များ ပြောင်းလဲခြင်း၊ နောက်ခံ ရှုခင်း (Wall Papers) များထည့်သွင်းခြင်း၊ ပရိုဂရမ်ကိုယ်စားပြု သင်္ကေတ (အိုင်ကွန် - Icons) များကို ပြင်ဆင်ခြင်း၊ ဖော်ပြပေးတဲ့ စာသားများ (Labels) ရဲ့ စာလုံးပုံစံ (Font)၊ အရောင် (Color) နဲ့ အရွယ်အစား (Size) တွေကို မိမိစိတ်ကြိုက်ပြောင်းလဲခြင်း၊ mp3 အစရှိတဲ့ တေးသီချင်းများနားဆင်နိုင်ဖို့ ထားရှိခြငှ်းိစတာတွေကိုလည်း Start->Settings ->Control Panal -> Display ကနေ လုပ်နိုင်ပါတယ်။
- တကယ်တော့ Desktop ဆိုတာ ကွန်ပျုတာထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အလုပ်စားပွဲပါပဲ ...
No comments:
Post a Comment