Tuesday, August 21, 2012

အကောင့်အကြောင်းများလေးပါ

ကွန်ပြူတာတစ်လုံးမှာ Administrator အကောင့်ပေးထားပီးတော့ ဘာမှလုပ်ခွင့်ပေးမထားဘူး ဆိုလို့ရှိရင်ပေါ့လေ သူ့ရဲ့လက်ရှိ Account ကနေ System Account ကိုချက်ခြင်းချိန်းလိုက်တဲ့နည်းလေးပါ System account က windows စတင်လိုက်ကတည်းကပါပီးသား account ပါ build in administrator အကောင့်မဟုတ်တဲ့နောက် administrator account တစ်ခုပေါ့ ဒီအကောင့်ကို ၀င်းဒိုးက ဖျောက်ထားပါတယ် လိုအပ်ရင် ယူသုံးလို့ ရအောင် စီစဉ်ပေးထားတာပါ ဒီ account ထဲကနေပီတော့ တစ်ခြားအကောင်းတွေအကုန်လုံးကို control လုပ်လို့ရပါတယ် user name and password ချိန်းတာတို့ security level ပေးတာတို့ network ဖန်တီးတာတို့ အားလုံးအားလုံး လုပ်လို့ရပါတယ်။ တကယ်လို့ IP Adress ကိုကြည့်လိုက်လို့ မိမိမသိတဲ့ တစ်ခြားနေရာက IP ဆိုရင်တော့ password ကိုသာပြောင်းလိုက်ပေတော့ ။ IP Address ကိုကြည့်လို့ ဘယ်နေရာကလဲဆိုတာ အောက်ကလင့်လေးမှာ ၀င်ပြီးကြည့်နိုင်ပါတယ် ။ http://whatismyipaddress.com/ အဲဒီ IP လေးကို ထည့်ပြီးကြည့်လိုက်ရုံပါပဲ ။Run ထဲကနေပီတော့ cmd လို့ရိုက်လိုက်ပါ command box ပေါ်လာလို့ရှိရင်AT {time} /INTERACTIVE cmd.exe လို့ရိုက်ထည့်လိုက်ပါ အဲ {time} မှာထည့်ရမှာကတော့ အချိန်ပေါ့ဗျာ  ရှင်းပါတယ်နော်  မရှင်းဖူးလား  မရှင်းရင်ထပ်ရှင်းပြမယ် time မှာထည့်ရတာကတော့ 24 hours format ဖြစ်ပါတယ် ဥပမာပေးရမယ် ဆိုရင်

1 pm = 13
3 pm = 15
6 pm = 18
9 pm = 21
12 pm = 24 ဆိုပီးထည့်ရပမယ် 3:30 = 15:30 လို့ထည့်ရမှဖြစ်ပါတယ် အနဲဆုံးတော့ ဟိုလုပ်ဒီလုပ်လုပ်လို့ရအောင် အကောင့်ပြောင်းချိန်ကိုလက်ရှိ အချိန်ထက် ၃ မိနစ်လောက် နောက်ကျပေးရပါမယ် ဥပမာ မိမိလက်ရှိအချိန်က ၃း၂၀ ဆိုပါတော့ အဲဒါဆို ဒီလိုရိုက်ပေးရပါမယ် "AT 15:25 /INTERACTIVE cmd.exe" ဆိုလိုချက်ကတော့ ၁၅း၂၅ ကျရင် cmd ကို run ပါလို့ပြောတာပါ အားလုံး ရေးပီးပီဆိုရင်တော့ ဒီစာတန်းလေးပေါ်လာလိမ့်မယ် Added a new job with job ID = 1 ပီးတာနဲ့ ctrl + alt + del ကိုနှိပ်ပါ Windows Task Manager ပေါ်လာပါလိမ့်မယ် အဲဒီထဲက Processes ဆိုတဲ့ Tap ကိုသွားလိုက်ပါ အဲဒီထဲမှာ explorer.exe ကိုရှာပီးတော့ End Process ကိုနှိပ်လိုက်ပါ Desktop ပေါ်မှာ ဘာ icon မှမရှိတော့ပဲ ပလိမ်းကြီးပေါ်လာပါလိမ့်မယ် ခဏစောင့်ပါ မကြာခင်မှာပဲ command box ပေါ်လာပါလိမ့်မယ် explorer.exe လို့ရိုက်ထည့်လိုက်ပါ Desktop ပေါ်မှာ icons တွေပြန်ပေါ်လာပါလိမ့်မယ် အဲဒီအချိန်မှာပဲ သင်သုံးနေတဲ့အကောင့်ကနေ system account ကိုပြောင်းသွားပါပြီ သင်လုပ်ချင်တာတွေကိုလည်း ပိုးစိုး ပက်စက် လုပ်လို့ရပါပီ ပြန်ထွက်ချင်တယ်ဆိုရင်တော့ log off နဲ့ထွက်ရပါမယ် အထူးသတိပြူရမှာကတော့ administrator Level ရထားမှသာ သုံးလို့ရမှာပါ
user Level ဆိုရင်တော့မရပါဖူး
Hack မခံရလေ အောင် ကာကွယ်ခြင်း
Run box မှာ compmgmt.msc လို့ရိုက်ထည့်ပြီးတော့ computer management (local)/system tools /share folders/shares ကို သွားကြည့်လိုက်ပါ ညာဘက် box ထဲမှ file များနောက် မှာ $ ပါနေလား ကြည့်ပါ .. $ နေတယ်ဆိုတယ် သေချာပါပြီ…. သင့် ကွန်ပျုတာကို ဟပ်မယ်ဆိုရင် အလွယ်တစ်ကူ ဟပ်နိုင်နေပါတယ် ..ဘယ်လို ဟပ်မှာလဲဆိုတော့ run box မှာ
\\13.0.3.122\E$ ဒိလိုမျိုးရိုက် ခေါ်ပြီးတော့ အလွယ်တစ်ကူ ဟပ်သွားနိုင်ပါတယ် ဒီ default share ($)တွေကို ဘယ်လို ဖြုတ်ရ မလဲဆိုတော့
1.Start – Run – regedit … HKEY_LOCAL_MACHIE\SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။
2.ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။ မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။
3.AutoShareWks file အား Double Click ပါ။Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊ 0 (zero ) ပေးပြီး OK ပေးပါ။
4. Restart ပေးပြီး Windows ပြန်တက်သောအခါ Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

No comments:

Post a Comment