Saturday, August 11, 2012

Registry ဆိုတာ


ကျွန်တော်တို့ကွန်ပျူတာတွေ ကွန်ပျူတာတွေအတွက် Registry ဆိုတာအရေးကြီးပါတယ်
နားမလည်တဲ့သူတွေ registry မှာဝင်ပြင်သွားမယ်ဆိုရင် window တောင်မတက်နိုင်တော့တဲ့ အဖြစ်မျိုးထိ ရောက်သွားနိုင်ပါတယ်
အဲဒီလိုမဖြစ်အောင် registry ကို အခုလိုပိတ်ထားရအောင်လား
Run ကနေ gpedit.msc လို့ရိုက်ပြီး
User Configuration >Administrative Templates>System ကိုရောက်အောင်သွားလိုက်ပါ
ညာဘက်မှာ Prevent access to registry editing tools ရဲ့  properties မှာ Enabled ပေးပြီးရင် OK ပေးလိုက်ပါ
ဒါဆိုရင် registry ကို ဘယ်လိုမှ ခေါ်လို့မရတော့ပါဘူး

Group Policy ကနေပိတ်ထားလို့ရတဲ့ အကြောင်းတွေကို ရေးမယ်ဆိုရင် အများကြီးပါ
တစ်ချို့ တွေကိုတော့ ကိုယ်တိုင်ဘဲ လုပ်ကြည့်တာ ပိုပြီးကောင်းပါတယ်
Group Policy
ကနေပြင်ထားသမျှကို ပြန်ပြင်လို့မရအောင် Group Policy ကိုပါပိတ်ထားလိုက်မယ်ဆိုရင်တော့ မသိတဲ့သူအတွက် Group Policy ကိုပြန်ဝင်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်
အခုလိုလုပ်ထားခြင်းအားဖြင့် ရုံးသုံး နဲ့ အများသုံး ကွန်ပျူတာတွေမှာ user တစ်ယောက်ယောက်က ၀င်ပြင်ခွင့်မရှိအောင်လို့ ကန့် သတ်ထားနိုင်ပါတယ်
ဘယ်လိုလုပ်ရမလဲဆိုတော့ နည်း နည်းရှိပါတယ်
ပထမ တစ်နည်းက Run gpedit.msc ရိုက်ပါ User Configuration >Administrative Templates> Windows Components >Micrisoft Management Console ကိုသွားပြီး ညာဘက်မှာရှိတဲ့
Restrict users to the explicity permitted list of snap-ins
ရဲ properties မှာ Enabled ပေးပြီး OK လိုက်မယ်ဆိုရင်
ဒါမှမဟုတ်
Run
ကနေ regedit ရိုက်ပါ
regedit box
ပေါ်လာတဲ့အခါ HKEY_CURRENT_USER\Software\Policies\Microsoft\MMC ကိုရောက်အောင်သွားလိုက်ပါ
ရောက်တဲ့အခါမှာ ညာဘက်မှာ RestrictToPermittedSnapins ဆိုတဲ့ DWORD Value ကိုတွေ့ ပါလိမ့်မယ်
Right click
ထောက်ပြီး Modify ကိုရွေးပါ ပြီးရင် Value data တန်ဖိုးမှာ 1 လို့ပြောင်းရိုက်ပြီး OK လိုက်ပါ
ဒါဆိုရင် Group Policy ကိုဘယ်လိုမှ ၀င်လို့မရတော့ပါဘူး
ပြန်ဖြုတ်တဲ့ နည်းကတော့ Registry ကနေ ပိတ်တဲ့နည်းအတိုင်းသွားပြီး Value data တန်ဖိုးကို 0 ပြန်ပေးလိုက်ရင်ရပါတယ်

နှစ်ခုလုံးပိတ်ချင်ရင် Registry ရော Group Policy ရော ဖွင့်ထားပါ
Group Policy
ကနေ Registry ကိုပိတ်ပါ Regisrty ကနေ Group Policy ကိုပိတ်ပါ
ပြီးရင် Restart ပြန်လုပ်လိုက်ပါ Window ပြန်တက်လာတဲ့အခါ နှစ်ခုလုံး ဖ၊ွင့်မရတော့တာကိုတွေ့ ရပါမယ်
အဲဒိလို Group Policy ရော Registry ရော နှစ်ခုလုံးကို ပိတ်ထားခဲ့ရင် ဘယ်လိုပြန်ဖွင့်ရမလဲဆိုရင် iRepairMan မှာပါတဲ့ Registry Cleaner ဒါမှမဟုတ် တစ်ခြား Registry Cleaner တစ်ခုခုနဲ Registry ကို ပြန်ပြင်လိုက်ရင် ရပါတယ်
စမ်းကြည့်ချင်တဲ့ ညီအစ်ကိုမောင်နှမ များကတော့ Registry Cleaner ဆောင်ထားပြီးမှ လုပ်ကြပါလို့

No comments:

Post a Comment