Saturday, August 11, 2012

Tooltip သို့မဟုတ် လက်ဖျားထိပ်မှ သဲလွန်စများ

Beginner:
Tooltip ဆိုတာ ကွန်ပျုတာကို နေ့စဉ် ထိတွေ့ကိုင်တွယ် အသုံးပြု နေရသူတွေ အတွက် သိပ်မသိသာ ပေမယ့်

* ကွန်ပျုတာကို အခုမှ စသုံးတဲ့သူတွေ၊
* စတင် လေ့လာနေသူတွေနဲ့
* ဆော့ဖ်ဝဲ အသစ်တွေကို စမ်းသပ် လေ့လာနေသူတွေ အတွက်
* အတော်လေး အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်..

More Details:
Tooltip ဆိုတာကို မြန်မာမှု ပြုမယ် ဆိုရင်တော့ "လက်ဖျားထိပ်မှ သဲလွန်စများ" လို့ခေါ်နိုင်မှာပါ..
ကျွန်တော်တို့ ကွန်ပျုတာ အသုံးပြုနေတဲ့အချိန်မှာ မြင်တွေ့နေရတဲ့ ရုပ်ပုံငယ် (Icon) လေးတွေရဲ့ အပေါ်မှာ မောက်စ် (Mouse)ရဲ့ ညွှန်တံလေးကို တင်ထားပြီး အသာငြိမ်နေလိုက်မယ်ဆိုရင် လေးထောင့်ပုံအကွက်လေးထဲမှာ အဲဒီရုပ်ပုံငယ်နဲ့ သက်ဆိုင်တဲ့ ဖော်ပြချက်အကျဉ်းချုံးလေးကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်...
အဲဒီဟာလေးကို ပန်းသီး (Apple, Macintosh) ကွန်ပျုတာများမှာ Balloon help လို့ ခေါ်ပါတယ်... မိုက္ကရိုဆော့ဖ် (Microsoft) ကနေ သူ့"ဆော့ဖ်ဝဲတွေကို အသုံးပြုသူတွေ အတွက် ထုတ်ဝေတဲ့ အထောက်အကူ စာရွက်စာတမ်း" (End-user Documentation) တွေမှာတော့ "မြင်ကွင်းပေါ်က သဲလွန်စ" (Screen Tip) လို့ သုံးထားတာ တွေ့နိုင်ပါတယ်...

Advanced & References:
*.Tooltip တွေဟာ ဆော့ဖ်ဝဲ အသစ်တွေကို စမ်းသုံးကြည့်တဲ့ အခါမှာလည်း ကျွန်တော်တို့ကို အတော်လေး အကူအညီ ပေးနိုင်ပါတယ်
*.ကိုယ်မသိသေးတဲ့ အရာတွေ Tools တွေ အကြောင်းကို အကြမ်းဖျင်း ဖော်ပြပေးတာကို လေ့လာနိုင်တဲ့ အတွက် အဆင်ပြေတာကို တွေ့ရမှာ ဖြစ်ပါတယ်...
*.နမူနာ အနေနဲ့ ကြည့်ချင်တယ် ဆိုရင်တော့ဖြင့် အခုသုံးနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲရဲ့ Menubar အောက်မှာ မြင်နေရတဲ့ ပုံလေးတွေကို မောက်စ်လေးနဲ့ လိုက်ထောက် ကြည့်လိုက်ရင် ချက်ချင်း မြင်သွားပါလိမ့်မယ်...
*.တချို့သော အင်တာနက်ကြည့် ဆော့ဖ်ဝဲများဟာလည်း Tooltip များကို လက်ခံ အလုပ်လုပ်ပေးနိုင်ပါတယ်..

References:
-define:Tooltip, Icon inGoogle Search
-Wiki:Balloon Help, Screen tip

No comments:

Post a Comment