Monday, August 13, 2012

Google Chrome ဆိုတာ

Google Chrome ဆိုတာကို Internet ထိတွေ့နေကျဖြစ်တဲ့ မိတ်ဆွေတို့အနေနဲ့ သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်းပဲ မသိ သေးတဲ့သူများအတွက် ရေးသားဖော်ပြပေး လိုက်ပါတယ်။

Chrome ဆိုတာကတော့ Google ကနေ အခမဲ့ဖြန့်ချိလိုက်တဲ့ Web Browser အသစ် တစ်ခုဖြစ်ပါတယ်။ Interface ဟာ ထူးခြားပြီး လုပ်ဆောင်ချက်အသစ်တွေပါရှိတဲ့အတွက် သုံးစွဲမယ့်သူတွေအတွက် ကျေနပ်စရာဖြစ်မှာပါ။ ဒီ Browser ဟာ လောလောဆယ်မှာတော့ beta version ပဲရှိသေးတဲ့အတွက် Windows ကွန်ပျူတာတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဘာသာစကား ၄၃ မျိုးနဲ့ သုံးနိုင်ပါတယ်။

Chrome ရဲ့ Interface ဟာ ထူးခြားပြီး တစ်ခြား Browser တွေနဲ့ မတူပါဘူး။ Window ရဲ့ အပေါ်ဘက်မှာ Tool Bar အစား Tab တွေကို ထည့်သွင်းထားပါတယ်။ အဲဒီ Tab တွေကို မိမိကိုယ်တိုင် ရှေ့နောက်အလွယ်တကူ စီစဉ်နိုင်တဲ့အပြင် အဲဒီ Tab တွေကို သီးခြား Window တွေအဖြစ် ခွဲထုတ်ခြင်းနဲ့ သီးခြားစီဖွင့်ထားတဲ့ Window တွေကို Browser ထဲကို drag and drop လုပ်ပြီးတော့ Tab အဖြစ်ပြောင်းလဲခြင်း တို့ကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Tab တစ်ခုစီ မှာလည်း Forward button နဲ့ Back button တို့ ပါရှိတဲ့အပြင် New Tab ကိုခေါ်လိုက်တဲ့အခါမှာလည်း မိမိအကြိမ်ရေ အများဆုံး ဝင်ရောက်ကြည့်ရှုခဲ့တဲ့ Web Page ၉ ခု၊ မိမိရှာဖွေခဲ့တဲ့ အကြောင်း အရာတွေနဲ့ Bookmark စတာတွေကိုလည်း ဖော်ပြပေးထားပါတယ်။

Omnibox လို့ခေါ်တဲ့ Address Bar မှာ ရိုက်ထည့်လိုက်တဲ့ စာလုံးတွေအလိုက် Google ရဲ့ Suggestion တွေကိုပါ ဖော်ပြပေးပါတယ်။ URL Auto Compeletion Function ပါဝင်ပြီး မိမိဝင်ရောက်ကြည့်ရှုတဲ့ Website ရဲ့ Main Page အပြင် အဲဒီ Site ရဲ့ Top-Level Domain ကိုပါ ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် Application Shortcuts ကို သုံးပြီးတော့လည်း Gmail နဲ့ Calendar တို့လိုမျိုး Web Base Application တွေအတွက်လည်း Desktop Icons တွေကိုလည်း ဖန်တီးထားနိုင်ကြပါသေးတယ်။

မိမိကြည့်ရှုခဲ့တဲ့ အကြောင်းအရာတွေကို တစ်ခြားသူတွေ မသိရှိနိုင်စေဖို့အတွက်ကတော့ Browser ရဲ့ Incognito Mode ထဲကို ဝင်ရောက်အသုံးပြုနိုင်ကြပါတယ်။ ဒါဟာ IE 8 မှာပါတဲ့ InPrivate နဲ့ ခပ်ဆင်ဆင်တူပြီးတော့ history တွေ၊ cookie တွေကို Browser က မှတ်သားမထားအောင် လုပ်ဆောင်ပေးပါတယ်။ Chrome ရဲ့ Incognito Mode နဲ့ ဖွင့်ထားတဲ့ Window ဟာ သာမန် Window တွေနဲ့ မတူဘဲ အနည်းငယ်ကွဲပြားပါတယ်။ ဒီ Mode ထဲကနေပြီး Omnibox ထဲကို လိုရာရိုက်ထည့် ရှာဖွေကြည့်ရှုနိုင်ပြီး Browser Window ကို ပိတ်လိုက်တာနဲ့ ဝင်ရောက်ကြည့်ရှုခဲ့သမျှအားလုံးကို ဖျက်ပြီးသားဖြစ်သွားမှာပါ။ ဒါ့အပြင် Tab တစ်ခုချင်းစီအတွက်လည်း သီးခြား Process တွေကို ခွဲဝေပေးထားတဲ့အတွက် Tab တစ်ခုခုမှာ ပြဿနာပေါ်တဲ့အခါ တစ်ခြား Tab တွေကို ဆက်လက်အသုံးပြုနိုင်ပါတယ်။ Microsoft ရဲ့ IE 8 Beta 2 မှာလည်း ဒီလုပ်ဆောင်ချက် ပါရှိလာပါတယ်။ Browser ဟာ Multitread အမျိုးအစားဖြစ်တာကြောင့်Tab တစ်ခုချင်းစီ ကနေ သီးခြား Process တွေကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

အကယ်၍ Web page တစ်ခုကို Load မလုပ်နိုင်တဲ့အခါမျိုးမှာ Browser ထဲက Task Manager ကိုသုံးပြီးဘယ် Process က Memory ဘယ်လောက်သုံးနေသလဲဆိုတာကို ကြည့်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Web Page တစ်ခုအတွင်းက Shockwave ဒါမှမဟုတ် Flash File တစ်ခုဟာ Memory ပမာဏ အများကြီးယူပြီး အသုံးပြုနေတဲ့ အခါမျိုးမှာ အဲဒီ Process ကိုရပ်ပြီး Web Page အတွင်းက တခြားအရာတွေကို ဖော်ပြနိုင်အောင် လုပ်ဆောင်ပေးနိုင် ပါတယ်။

Google Chrome အတွက် Shortcuts များ
Ctrl+N     Open a new window
Ctrl+Shift+N     Open a new window in incognito mode
Ctrl+Click a link     Open link in a new tab
Shift+Click a link     Open link in a new window
Alt+F4     Close current window
Ctrl+T     Open a new tab
Ctrl+Shift+T     Reopen the last tab you’ve closed.
(Google Chrome remembers the last 10 tabs
you’ve closed.
Drag link to tab     Open link in specified tab
Drag link to spacebetween tab     Open link in a new tab in the
specified position on the tab strip
Ctrl+1 ~ 8     Switch to the tab at the specified position
number. The number you press represents
a position on the tab strip
Ctrl+9     Switch to the last tab
Ctrl+Tab
or
Ctrl+PgDown     Switch to the next tab
Ctrl+Shift+Tab
or
Ctrl+PgUp     Switch to the previous tab
Ctrl+W
or
Ctrl+F4     Close current tab or pop-up
Alt+Home     Open your home page
Ctrl+O, then select file     Open a file from your computer in
Google Chrome
Shift+Esc     Close any No Responding Site
Ctrl+L     Ready to open a new website
Ctrl+B     Open or Close for your bookmarks
Ctrl+H     Recall your history page

No comments:

Post a Comment