Saturday, August 11, 2012

Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း။


ပထမဆုံးအနေနဲ့ Windows Boot Time မြန်ဆန်စေဖို့ ရိုးရှင်းစွာလုပ်ဆောင်ရမှာကတော့ System BIOS ကို အပြောင်းအလဲအနည်းငယ်လုပ်ဖို့ပါပဲ။BIOS (၀ါ) Basic Input/Output System သည် သက်ဆိုင်ရာ Hardwareများအချင်းချင်းချိတ်ဆက်အလုပ်လုပ်နိုင်စေရန်အတွက်ထိန်းချုပ်လုပ်ဆောင်ပေးနိုင်သော ညွှန်ကြား ချက်အစုအဝေး (၀ါ) set of instructions များကို chip တစ်ခုထဲတွင် ထည့်သွင်းတည်ဆောက်ထား ပါသည်။ ထိုchip အစိတ် အပိုင်းကို Motherboard ပေါ်တွင် Build in တပ်ဆင်ထားပါ သည်။ System Settings ကိုအပြောင်းအလဲ လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ သင့်အနေနှင့် BIOS ရှိ မလိုအပ်သော Settings များကိုပြောင်း လဲမှုကြောင့် ဖြစ်ပေါ်လာသော windows boot မတက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာ နိုင်ပါသည်။

1. Computer ကို အလုံးစုံပိတ်ချလိုက်ပါ။ Sleep (or) Hibernation Mode ဖြင့် ပိတ်ခြင်းကိုရှောင်ကြဉ်ပါ။

2. Computer ကိုပြန်ဖွင့်ပါ။

3. BIOS screen မှာဖော်ပြတဲ့ ထုတ်ကုန် အကြုံပြုချက်ကို ဖတ်ရှုလေ့လာပါ။ BIOS ကိုဝင်ရောက်နိုင်ဖို့ရန်အ တွက် motherboad ပေါ်မှုတည်ပြီး DEL key, F1 Key , F10 Key နှင့် CTRL-ALT-S ကွဲပြားနိုင်ပါသည်။

4. BIOS Setup ထဲရောက်လျှင် Boot Menu သို့ရောက်အောင် arrow keys, Tab နှင့် Enter ကီးကိုအသုံးပြု ပါ။

5. Boot Menu သို့ရောက်လျှင် ပုံတွင်ပြထားသည့် Quick Boot Mode ကိုရှာဖွေပါ။ တွေ့လျှင် Enable လုပ်ပါ။
မှတ်ချက် - Enable လုပ်ခြင်းဖြင့် Memory စစ်ဆေးခြင်းနှင့် အရေးမကြီးသော Power On Self Tests (POST) အပိုင်းလေးများကို ကျော်လွှားသွားခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ် သည်။

http://4.bp.blogspot.com/_50gQ3drlr_U/SLeLBLtaG_I/AAAAAAAAAV4/rKFgIemb-fU/s320/quickbootmode.jpg
6. နောင်တစ်ခုအနေနှင့် Boot Device Priority ကိုရှာပါ။ First boot device ကို hard drive ရွေးပေးပါ။ ထိုသို့ ရွေးချယ်ခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ်သည်။သို့သော် ထိုသို့ရွေးချယ်ထား ခြင်းဖြင့် CDROM , Floppy မှ Boot လုပ်နိုင်တော့မည်မဟုတ်ပါ။တကယ်လို့များ CDROM , Floppy မှ Boot လုပ်လိုပါက ခုနက ပြင်ဆင်ခဲ့သော First boot device တွင် CDROM or Floppy ကိုပြန်ရွေးပေးရန်လိုပါသည်။

http://1.bp.blogspot.com/_50gQ3drlr_U/SLeLpoLx6oI/AAAAAAAAAWA/M11trQVXLU4/s320/quickbootmode+2.jpg7. အထက်ပါလုပ်ဆောင်ချက်နှစ်ခုပြီးဆုံးသွားပါက Exit and Save Changes ကိုရွေးပါ။ ပြီးလျှင် Computer reboot ပြန်လည်လုပ်ဆောင်ခြင်းဖြင့် Boot Time မြန်ဆန်ခြင်း၊ မည့်သည့် Device ဖြင့် windows တက်ရမည် ကို ရှာဖွေစရာမလိုတော့ခြင်း (၀ါ) ရှာဖွေချိန်သက်သာခြင်းကြောင့် Windows Boot Time ကိုပိုမိုမြန်ဆန်စေ ခြင်း အကျိုးတရားများကိုရရှိစေပါသည်။

Windows စပြီးဆိုတာနဲ့ စက်ထဲမှာထည့်ထားသမျှ font တွေကိုဆွဲတင်ရတယ်။ သင့်အနေနဲ့ ဖောင့်ကို စက်ထဲများများထည့်ထားခဲ့မယ်ဆိုရင် စက်လေးတာပေါ့။ကျွန်တော်ကတော့ သုံးနေကျ အကြိုက်ဆုံးဖောင့် ၃၀၀-၅၀၀ ကြားလောက်ကိုပဲထည့်ထားတယ်။ မလိုအပ်တဲ့ ဖောင့်တွေကို ရွှေ့မယ်ဆိုရင် သတိထား ရွှေ့ဖို့ တော့လိုပါတယ် ကိုယ်ရွှေ့မည့် ဖောင့်ဟာ ကိုယ့်စက်ထဲမှာ လိုအပ်သလား မလိုအပ်ဘူးလားဆိုတော့ သင် ကိုယ် တိုင်သိနေရပါမယ်။ Verdana, Arial, Trebuchet Tahoma, Tahoma, Times New Roman, MS Sans Serif, and Courier New စတဲ့ဖောင့်တွေကတော့ စက်ထဲမှာ မရှိမဖြစ်ကျန်နေရမယ် မရွှေ့ရဘူးပေါ့ ဗျာ။ အောက်ကနည်းလေးအတိုင်းကို အသုံးမလို ပိုနေတဲ့ ဖောင့်တွေကို အခြားတစ်နေရာကို ရွှေ့ကြည့်ရအောင်။
1. Open My Computer
2. Drive C: ကို Double Click နှိပ်ဖွင့်ပါ။
3. File ကိုဖွင့် New Folder ကိုရွေး ဖိုဒါနာမည်ကို Fonts Backup လို့ရိုက်ပြီး Enter ခေါက်။
4. Windows ကို Double Click နှိပ်ဖွင့်ပါ။
5. Fonts Folder Double Click နှိပ်ဖွင့်ပါ။
6. မလိုအပ်တဲ့ ဖောင့်တွေကိုရွေးထား ပြီးရင် Edit Menu ထဲက COPY ကိုရွေးပါ။
7. C:\Fonts Backup ကိုသွားပါ Edit Menu ထဲက Paste ကိုရွေးပါ။
(ကော်ပီလုပ်တဲ့ ဖောင့်တွေက Font Backup ထဲကို ရောက်သွားပါပြီ)
8. နောက်တစ်ကြိမ် c:\windows\Fonts Folder ကိုသွားပြီ ခုနကကော်ပီကူးထားတဲ့ ဖောင့်ဖိုင်တွေကို ရွေးချယ်ဖျက်ပစ်လိုက်ပါ။
မှတ်ချက် - တကယ်လို့များ ဖောင့်ဖိုင်အရွှေ့အပြောင်းမှာ အမှားအယွင်းရှိခဲ့မယ်ဆိုရင် Backup လုပ်ထားတဲ့ ဖောင့်ဖိုင်တွေကို C:\Windows\Fonts ဖိုဒါထဲကို လွယ်လွယ်ကူကူပြန်ရွှေ့လိုက်ပါ။

Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း [၃]

Windows boot time ကိုနှောင့်နှေးကြန့်ကြာစေတဲ့ နောက်တစ်ခုကတော့ C:\windows\prefetch ထဲရှိဖိုင်တွေ ပါပဲ။ Prefetch Folder ထဲမှာရှိတဲ့ဖိုင်တွေဟာ သုံးနေကျ program များကို ဖွင့်ယူတဲ့အခါမှာ ပိုမိုမြန်ဆန်မှုရှိစေဖို့ အတွက် Program တွေကို ကြိုတင်ခေါ်ယူထားပေးတာပါ။ အဲဒီဖိုင်တွေများလာမယ်ဆိုရင် Windows Boot Time ကိုကြာရှည်စေမှာဖြစ်ပါတယ်။ Prefetch ဖိုဒါရှိ Prefetch ဖိုင်များကို ဖျက်ပေးရပါမည်။

နောက်တစ်နည်းမှာ-
1. Start ---- Run ---- Prefetch ရိုက် Enter ခေါက်ပါ။
2. Ctrl+A ဖြင့် all selection လုပ်ပြီး Delete နှိပ်ဖျက်နိုင်ပါသည်။

No comments:

Post a Comment